• Create Trip Plan
  • Favorite Place
  • Check in Place

Thingyan Water Festival

Festival Date: 
Apr 13, 2017 to Apr 16, 2017

မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲတော် သို့မဟုတ် သင်္ကြန်ပွဲတော်ကို အေပရယ်လ (၁၃) ရက်နေ့မှ (၁၆)ရက်နေ့အထိ မြန်မာပြည်အနှံ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပါသည်။

ပွဲတော်ရက်များတွင် မနက်မှ ညနေခင်းအထိ လူငယ်များမှရေဖြန်းကစားကြမည်ဖြစ်ပြီး ထိုရက်များတွင်ပင်ဥပုဒ်သီတင်းသီလလည်း ဆောက်တည်ကာ ကုသိုလ်ယူကြမည်ဖြစ်ပါသည်။

နှစ်စဉ် ကျင်းပလျှက်ရှိသော ရေကစားပွဲတော်ရက်များအတွင်း မဏ္ဍပ်များ တည်ဆောက်ပြီး ရေကစားကြခြင်းနှင့် စတုဒိတာအဖြစ် မုန့်လုံးရေပေါ်များကိုလည်း လိုက်လံဝေမျှများခြင်းများ ပြုလုပ်ကြပါသည်။

ပွဲတော်ရက်အတွင်း သက်ကြီးရွယ်အိုများကို ရေချိုးပေးခြင်း၊ ခေါင်းလျှော်ပေးခြင်း၊ သတ္တဝါများအား ဘေးမဲ့ပေးခြင်းများကို ပြုလုပ်ကြပါသည်။ ထို့ကြောင့် မြန့်မာရိုးရာ နှစ်သစ်ကူးပွဲတော် ပျော်ရွှင်စွာဆင်နွဲကြရင်း best trip traveller အပေါင်းတို့လည်း ကုသိုလ်ယူနိုင်ကြပါစေလို့ Best Trip မှဆုတောင်းပေးလိုက်ပါတယ်နော်...။

Thanks Ko Zin Min for sharing your photo